မေတ္တာ မျက်ရည် ခမ်းပါစေ
မေတ္တာမျက်ရေ ခမ်းပါစေ ============== ညီလေးငယ် (၁) ည သန်းခေါင်ကျော်အချိန်ထိ ဦးထွန်းခင် အိပ်မပျော်နိုင်။ မနက်ဖန်အရေးကို စဉ်းစားတိုင်း တဟင်းဟင်းဖြင့်သက်ပြင်းချမိသည်မှာလည်း အကြိမ်ပေါင်းပင်မရေတွက်နိုင်တော့။ ကြိုးစားပြီးအိပ်ကြည့်သော်လည်း အိပ်မရ။ မျက်လုံးနှစ်လုံးကို မှိတ်လိုက်ပြီဆိုသည်နဲ့ အတွေးက ခေါင်းထဲ သို့ အစီအရီ ဝင်လာသည်။ ထရံကျိုတရံကြားကနေ ညင်ညင်သာသာတိုးဝင်နေသည့် ဆောင်းလေအေးများက ဦးထွန်းခင် ရင်ထဲကအပူကိုတော့ မငြိမ်းသတ်နိုင်ပါ။ မှောင်မှဲနေသော အိမ်ထဲတွင် ကျိုးတိုးကျဲတဲလင်းနေသည့် အိမ်ခေါင်မိုးပေါက်များအားဦးတည်ရာမဲ့ ဝှေ့ကြည့်နေရသည်ကိုလည်း ငြီးငွေ့လာ၏။ အိပ်မရသူ ဦးထွန်းခင် အတွက် ညတာသည် သိသိသာသာရှည်လွန်းလှပါသည်။ တနေကုန်လယ်ထဲ ယာထဲလုပ်ကိုင်ထားသောကြောင့် တကိုယ်လုံးတောင့်ခဲနေပြီ ပုံစံတစ်မျိုးတည်း လည်း ကြာကြာမအိပ်နိုင်။ အိပ်ယာထဲလူးလွန့်ရင်းကိုယ်စောင်းလှည့်သည့်အခါတိုင်းအခြေမခိုင်သည့်အိမ်က တကျီကျီမြည်ကာ လှုပ်ခါနေသည်။ ဘေးတွင် မိမိအားကျောပေး၍အိပ်နေသည့်ဇနှီးသည်သည်လည်း ငြိမ်နေပေမဲ့ သူ့လိုပဲ အိပ်မပျော်ပဲ ရှိနေမည်ကို ဦးထွန်းခင် သိနေသည်။ ရုတ်တရက်တကျ